A Hla Thit

Diseases


ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၁) အမြင်ဝါးခြင်း

ဟုတ်ကဲ့ပါ၊ထိခိုက်စေပါတယ်။ မျက်စိကိုဘယ်လ်ုထိခိုက်နိုင်သလဲ ၁။ အမြင်ဝါးခြင်း ၂။အတွင်းတိမ်ဖြစ်ခြင်း ၃။ရေတိမ်ဖြစ်ခြင်း ၄။မျက်စိအမြင်အာရုံခံအလွှာထိခိုက်ခြင်း ၅။ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ??? တို့ဖြစ်ပါတယ် ၁။အမြင်ဝါးခြင်း သင့်မျက်စိကကြည့်ရတာဝါးလာတယ်ဆိုပြီးမျက်မှန်အသစ်တစ်စုံချက်ချင်းမလုပ်လိုက်ပါနဲ့ဦး။ ဆီးချိုများတက်နေလားဆိုတာအရင်စမ်းစစ်ကြည့်ပါ။ အချိုဓာတ်များနေတယ်ဆိုရင် မျက်စိတွင်းမှန်ဘီလူးကဖောလာပြီးကြည်ကြည်လင်လင်မမြင်ရတတ်ပါဘူး။ ဒီတော့အချိုဓာတ်ကိုသူ့ပုံမှန်သတ်မှတ်ထားသလောက်ရောက်အောင်ထိန်းနိုင်ရင်တော့ပြန်ပြီးကြည်လင်လာတတ်ပါတယ်။ ဒီလိုပုံမှန်ပြန်ဖြစ်ဖို့က ထိန်းနိုင်တဲ့အပေါ်မူတည်ပြီး ၃ လလောက်ထိကြာနိုင်ပါတယ်။ ဒီတော့ဆီးချိုရှိသူများ အမြင်ဝါးလို့ မျက်စိသွားစစ်ရင် ဆရာဝန်ကို ဆီးချိုရောဂါရှိတဲ့အကြောင်းပြောပြဖို့လိုပါတယ်နော်။  ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား???...

Continue Reading

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း

အပိုင်း ၂။ အတွင်းတိမ်ဖြစ်ခြင်း မျက်စိအတွင်းမှန်ဘီလူးက သင့်ကိုအရာဝတ္ထုတွေမြင်နိုင်အောင် ဆုံချက်ကျအောင်ပြုလုပ်ပေးပါတယ်။ အတွင်းတိမ်ကတော့ကြည်လင်နေတဲ့မှန်ဘီလူးနှောက်လာတာကို ပြောတာပါ။ အတွင်းတိမ်ကလူတိုင်းမှာဖြစ်နိုင်ပေမယ့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ ဖြစ်တာပိုစောပြီး တိမ်ရင့်လာတာလည်းမြန်ပါတယ်။ မှန်ဘီလူးကမကြည်တော့ဘူးဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ကျပြီး ကြည်ကြည်လင်လင်မမြင်ရတော့ပါဘူး။ အတွင်းတိမ်လက္ခဏာကတော့အမြင်ဝါးခြင်း၊အလင်းစူးခြင်းစတာ တွေဖြစ်လာတတ်ပါတယ်။ အတွင်းတိမ်ဖြစ်လာရင်တော့ခွဲစိတ်ပြီးမှန်ဘီလူးအစားထိုးလဲလှယ် ပေးရပါတယ်။ ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၁) အမြင်ဝါးခြင်း ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား???...

Continue Reading

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း

အပိုင်း၃။ ရေတိမ် မျက်စိထဲမှာလှည့်လည်နေတဲ့အရည်တွေဟာထွက်ပေါက်ပိတ်သွားခဲ့လျှင် အပြင်ကိုမထွက်နိုင်ဘဲ အထဲမှာစုပြီးဖိအားများလာတတ်ပါ တယ်။ါ်ဒီဖိအားက မျက်စိအတွင်းသွေးကြော၊အာရုံကြောတွေကို ဖိမိတဲ့အခါ အမြင်အာရုံပြောင်းလဲလာတတ်ပါတယ်။ ရေတိမ်အမျိုးအစားအမျိုးမျိုးရှိတဲ့အထဲမှာဆီးချိုကြောင့်ဖြစ်တဲ့ရေတိမ်ကတော့ကုသရန်ခက်ပါတယ်။ သူကသွေးကြောအသစ်တွေမျက်စိသူငယ်အိမ်ပေါ်မှာပွားလာပြီး ရေထွက်ပေါက်ပိတ်တဲ့အတွက် သူ့ကိုကုဖို့ကသွေးကြောတွေကို လေဆာဖြင့်ဖြတ်တောက်ခြင်း၊သို့မဟုတ်ခွဲစိတ်ခြင်းတို့ပြုလုပ်ရတတ်ပါတယ်။ရေတိမ်ရဲ့မကောင်းတဲ့အချက်ကပျက်စီးသွားပြီးတဲ့အမြင်အာရုံကိုပြန်ကောင်းလာအောင်လုပ်လို့မရဘဲမပျက်စီးသေးတဲ့အပိုင်းကိုပိုမပျက်သွားအောင်ထိန်းထားနိုင်ရုံပဲကုသလို့ရတာဖြစ်တဲ့အတွက်သတိထားပြီးအမြဲစစ်ဆေးနိုင်ဖို့အရေးကြီးပါတယ်။ ရေတိမ်ကြောင့်ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ ⁃ မျက်စိကိုက်ခြင်း ⁃ ခေါင်းကိုက်ခြင်း ⁃ အမြင်ဝါးခြင်း ⁃ မျက်ရည်ပူကျခြင်း ⁃ အလင်းရောင်ကြည့်လျှင်ဘေးတွင်အလင်းရောင်အကွင်း မြင်ရခြင်း ⁃ မျက်စိအမြင်ကွယ်ခြင်းတို့ဖြစ်တတ်ပါတယ်...

Continue Reading

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း

၎။အမြင်လွှာထိခိုက်ခြင်း မျက်စိအနောက်ခန်းမှာရှိတဲ့အမြင်လွှာကပြင်ပမှအလင်းတန်းတွေကိုလက်ခံပြီးပုံရိပ်အဖြစ်ပြောင်းကာအမြင်အာရုံကြောမှတဆင့်ဦးနှောက်နဲ့ဆက်သွယ်ပေးတဲ့အပိုင်းဖြစ်ပါတယ်။ သူ့ကိုထောက်ပံ့နေတဲ့သွေးကြောလေးတွေပျက်စီးခဲ့ရင်အမြင်အာရုံလွှာထိခိုက်ပြီးအမြင်အာရုံဆုံးရှုံးတဲ့အထိဖြစ်တတ်ပါတယ် ဆီးချိုသမားတွေမှာသွေးတွင်းအချိုဓာတ်များခြင်း၊အတက်အကျမြန်ခြင်းတို့ကြောင့်သွေးကြောလေးများပျက်စီးတတ်ပါတယ်။ ဆီးချိုကြောင့်အမြင်အာရုံလွှာထိခိုက်ခြင်းပုံစံအမျိုးအစားများ၊အဆင့်သတ်မှတ်ချက်များရှိပါတယ် မကြမ်းဖျင်းအားဖြင့် သွေးကြောပျက်စီးကာစမှာ မျက်စိကမြင်နိုင်သေးတာမို့စောစောမသိနိုင်ပါဘူး သွေးကြောပျက်စီးရာက ကြာလာလို့သွေးကြောအသစ်တွေအစားထိုးလာရင် မျက်စိတွင်းနဲ့အမြင်လွှာပေါ်မှာသွေးယိုစီးမှုပိုများလာပြီးအမြင်ဝါးလာပါတယ် လိုအပ်တဲ့ကုထုံးမရခဲ့ရင် အမာရွတ်လိုကျန်ပြီးအမြင်ဆုံးရှုံးနိုင်ပါတယ် နောက်တစ်မျိုးကအမြင်လွှာအောက်ဖက်မှာအရည်စုလာပြီးအမြင်ဝါးလာတာပါ။သူကလည်းလိုအပ်တဲ့ကုထုံးမရရင်အရည်ပိုပိုများလာပြီး နောက်ဆုံးမှာအမြင်အာရုံဆုံးရှုံးနိုင်ပါတယ် ဒါတွေမဖြစ်အောင်သွေးတွင်းအချိုဓာတ်ကိုအတက်အကျမများစေဘဲထိန်းရပါမယ် လိုအပ်လာရင်လေဆာဖြင့်ကုသရခြင်း မျက်စိတွင်းဆေးထိုးကုသရ ခြင်းတွေနဲ့အချိန်မှီကုသနိုင်ဖို့လိုပါတယ် ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၁) အမြင်ဝါးခြင်း ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား???...

Continue Reading

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း(၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ???

၅။ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ??? ဆီးချိုရောဂါရှိသူတွေဟာမျက်စိစစ်ဆေးခြင်းကိုအနည်းဆုံးတစ်နှစ် တစ်ခါလောက်လုပ်သင့်ပါတယ် -ဆီးချိုအမျိုးအစား(၁)ဖြစ်တဲ့သူတွေဟာအသက်အရွယ်အရငယ်ပေ မယ့်ပိုစောပြီးဆီးချိုနောက်ဆက်တွဲလက္ခဏာတွေဖြစ်နိုင်တာမို့စော စောစစ်ပေးပါ။ -ဆီးချိုအမျိုးအစား(၂) ကတော့ဖြစ်ပြီး ၅ နှစ်လောက်ကြာရင်စပြီး နောက်ဆက်တွဲလက္ခဏာတွေဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာက ဆီးချိုကစစ်လို့တွေ့တဲ့အချိန်မှာစဖြစ်တာ မဟုတ်ဘဲအရင်တုန်းကရင်းဖြစ်နေခဲ့တဲ့သူတွေဆိုရင် ၅ နှစ်ဆိုတာကမှန်းဆရခက်ပါတယ်။ -ဆီးချိုဖြစ်နေတဲ့အမျိုးသမီးကကလေးယူဖို့စဉ်းစားထားရင်ကိုယ်ဝန် မဆောင်ခင်မျက်စိစစ်ဆေးထားသင့်ပါတယ် -နောက်ဆုံးတစ်ခုအနေနဲ့အောက်ပါလက္ခဏာများရှိလာခဲ့ရင်မျက်စိဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင့်ပါတယ် ၁။အပြင်မှာမရှိပေမယ့်ကိုယ့်မြင်ကွင်းထဲမှာအမည်းရောင်အစက် လေးတွေမြင်နေရင် ၂။လျှပ်စီးလက်သလိုတွေမြင်နေရင် ၃။မြင်ကွင်းကတစ်ဆက်ထဲမရှိပဲအစက်အပြောက်တစ်ခုကကွယ်နေသလိုမြင်ရရင် ၄။အမြင်ဝါးနေရင် ——- ကာကွယ်၍ရသောရောဂါများကြောင့်အမြင်ဆုံးရှုံးခြင်းကင်းဝေးကြပါစေ။ ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း...

Continue Reading

မျက်စိနာခြင်းအကြောင်းသိကောင်းစရာ

မျက်စိရောဂါသည် ယခုကဲ့သို့သော ရာသီအကူးအပြောင်းကာလများတွင် အဖြစ်များသည်။Bacteria , virus ,ဓာတ်မတည့်ခြင်းကြောင့်ဖြစ်နိုင်ပြီး လက္ခဏာများအနည်းငယ် ကွဲပြားသည်။...

Continue Reading

မျက်စိခြောက်ခြင်း

ဆေးခန်းမှာအတွေ့ရများနေလို့ မျက်စိခြောက်ခြင်းနှင့်ပတ်သက်ပြီး အနည်းအကျဉ်းလေးပြောပြချင်ပါတယ်။ မျက်စိခြောက်ခြင်းဆိုတာ မျက်ကြည်လွှာနဲ့မျက်သားတွေမှာအစိုဓာတ် နည်းသွားတာပါ။ 😓 လက္ခဏာများ 😓 👉 မျက်စိပူခြင်း ၊ စပ်ခြင်း ၊ ယားခြင်း ၊ နီခြင်း ၊ ညောင်းခြင်း ၊ခိုးလို့ခုလုဖြစ်ခြင်း ၊ မျက်ဝတ်ကပ်နေသလိုခံစားရခြင်း ၊ အလင်းစူးမခံနိုင်ခြင်း နှင့် မျက်ရည်ပူကျခြင်း တို့သည် မျက်စိခြောက် ခြင်း၏ လက္ခဏာများ ဖြစ်သည်။...

Continue Reading

မျက်စိအတွင်းစွံခြင်း

�လက္ခဏာများ -မျက်ခွံအတွင်းအလုံးအကြိတ်ပေါက်ခြင်း ၊ -မျက်ခွံယောင်ခြင်း တို့ဖြစ်တတ်ပါတယ် �ဘာကြောင့်ဖြစ်လဲ -မျက်တောင်အနောက်ဖက်မှာ အဆီထုတ်တဲ့ပြွန်လေးတွေအကြောင်းကြောင်းကြောင့်ပိတ်သွားလို့ဖြစ်တာပါ...

Continue Reading