A Hla Thit

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း

အပိုင်း၃။ ရေတိမ်

မျက်စိထဲမှာလှည့်လည်နေတဲ့အရည်တွေဟာထွက်ပေါက်ပိတ်သွားခဲ့လျှင် အပြင်ကိုမထွက်နိုင်ဘဲ အထဲမှာစုပြီးဖိအားများလာတတ်ပါ
တယ်။ါ်ဒီဖိအားက မျက်စိအတွင်းသွေးကြော၊အာရုံကြောတွေကို
ဖိမိတဲ့အခါ အမြင်အာရုံပြောင်းလဲလာတတ်ပါတယ်။
ရေတိမ်အမျိုးအစားအမျိုးမျိုးရှိတဲ့အထဲမှာဆီးချိုကြောင့်ဖြစ်တဲ့ရေတိမ်ကတော့ကုသရန်ခက်ပါတယ်။
သူကသွေးကြောအသစ်တွေမျက်စိသူငယ်အိမ်ပေါ်မှာပွားလာပြီး
ရေထွက်ပေါက်ပိတ်တဲ့အတွက် သူ့ကိုကုဖို့ကသွေးကြောတွေကို
လေဆာဖြင့်ဖြတ်တောက်ခြင်း၊သို့မဟုတ်ခွဲစိတ်ခြင်းတို့ပြုလုပ်ရတတ်ပါတယ်။ရေတိမ်ရဲ့မကောင်းတဲ့အချက်ကပျက်စီးသွားပြီးတဲ့အမြင်အာရုံကိုပြန်ကောင်းလာအောင်လုပ်လို့မရဘဲမပျက်စီးသေးတဲ့အပိုင်းကိုပိုမပျက်သွားအောင်ထိန်းထားနိုင်ရုံပဲကုသလို့ရတာဖြစ်တဲ့အတွက်သတိထားပြီးအမြဲစစ်ဆေးနိုင်ဖို့အရေးကြီးပါတယ်။
ရေတိမ်ကြောင့်ဖြစ်တတ်တဲ့လက္ခဏာတွေကတော့
⁃ မျက်စိကိုက်ခြင်း
⁃ ခေါင်းကိုက်ခြင်း
⁃ အမြင်ဝါးခြင်း
⁃ မျက်ရည်ပူကျခြင်း
⁃ အလင်းရောင်ကြည့်လျှင်ဘေးတွင်အလင်းရောင်အကွင်း
မြင်ရခြင်း
⁃ မျက်စိအမြင်ကွယ်ခြင်းတို့ဖြစ်တတ်ပါတယ်

0.00 avg. rating (0% score) - 0 votes
Share

    Leave a Reply

    Your email address will not be published. Required fields are marked *