A Hla Thit

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း

၎။အမြင်လွှာထိခိုက်ခြင်း
မျက်စိအနောက်ခန်းမှာရှိတဲ့အမြင်လွှာကပြင်ပမှအလင်းတန်းတွေကိုလက်ခံပြီးပုံရိပ်အဖြစ်ပြောင်းကာအမြင်အာရုံကြောမှတဆင့်ဦးနှောက်နဲ့ဆက်သွယ်ပေးတဲ့အပိုင်းဖြစ်ပါတယ်။
သူ့ကိုထောက်ပံ့နေတဲ့သွေးကြောလေးတွေပျက်စီးခဲ့ရင်အမြင်အာရုံလွှာထိခိုက်ပြီးအမြင်အာရုံဆုံးရှုံးတဲ့အထိဖြစ်တတ်ပါတယ်
ဆီးချိုသမားတွေမှာသွေးတွင်းအချိုဓာတ်များခြင်း၊အတက်အကျမြန်ခြင်းတို့ကြောင့်သွေးကြောလေးများပျက်စီးတတ်ပါတယ်။
ဆီးချိုကြောင့်အမြင်အာရုံလွှာထိခိုက်ခြင်းပုံစံအမျိုးအစားများ၊အဆင့်သတ်မှတ်ချက်များရှိပါတယ်
မကြမ်းဖျင်းအားဖြင့် သွေးကြောပျက်စီးကာစမှာ မျက်စိကမြင်နိုင်သေးတာမို့စောစောမသိနိုင်ပါဘူး
သွေးကြောပျက်စီးရာက ကြာလာလို့သွေးကြောအသစ်တွေအစားထိုးလာရင် မျက်စိတွင်းနဲ့အမြင်လွှာပေါ်မှာသွေးယိုစီးမှုပိုများလာပြီးအမြင်ဝါးလာပါတယ်
လိုအပ်တဲ့ကုထုံးမရခဲ့ရင် အမာရွတ်လိုကျန်ပြီးအမြင်ဆုံးရှုံးနိုင်ပါတယ်
နောက်တစ်မျိုးကအမြင်လွှာအောက်ဖက်မှာအရည်စုလာပြီးအမြင်ဝါးလာတာပါ။သူကလည်းလိုအပ်တဲ့ကုထုံးမရရင်အရည်ပိုပိုများလာပြီး
နောက်ဆုံးမှာအမြင်အာရုံဆုံးရှုံးနိုင်ပါတယ်
ဒါတွေမဖြစ်အောင်သွေးတွင်းအချိုဓာတ်ကိုအတက်အကျမများစေဘဲထိန်းရပါမယ်
လိုအပ်လာရင်လေဆာဖြင့်ကုသရခြင်း မျက်စိတွင်းဆေးထိုးကုသရ
ခြင်းတွေနဲ့အချိန်မှီကုသနိုင်ဖို့လိုပါတယ်

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၁) အမြင်ဝါးခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း(၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ???

 

0.00 avg. rating (0% score) - 0 votes
Share

    Leave a Reply

    Your email address will not be published. Required fields are marked *