A Hla Thit

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း(၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ???

၅။ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ???

ဆီးချိုရောဂါရှိသူတွေဟာမျက်စိစစ်ဆေးခြင်းကိုအနည်းဆုံးတစ်နှစ်
တစ်ခါလောက်လုပ်သင့်ပါတယ်
-ဆီးချိုအမျိုးအစား(၁)ဖြစ်တဲ့သူတွေဟာအသက်အရွယ်အရငယ်ပေ
မယ့်ပိုစောပြီးဆီးချိုနောက်ဆက်တွဲလက္ခဏာတွေဖြစ်နိုင်တာမို့စော
စောစစ်ပေးပါ။
-ဆီးချိုအမျိုးအစား(၂) ကတော့ဖြစ်ပြီး ၅ နှစ်လောက်ကြာရင်စပြီး
နောက်ဆက်တွဲလက္ခဏာတွေဖြစ်တတ်ပါတယ်။
တစ်ခုသတိထားရမှာက ဆီးချိုကစစ်လို့တွေ့တဲ့အချိန်မှာစဖြစ်တာ
မဟုတ်ဘဲအရင်တုန်းကရင်းဖြစ်နေခဲ့တဲ့သူတွေဆိုရင် ၅ နှစ်ဆိုတာကမှန်းဆရခက်ပါတယ်။
-ဆီးချိုဖြစ်နေတဲ့အမျိုးသမီးကကလေးယူဖို့စဉ်းစားထားရင်ကိုယ်ဝန်
မဆောင်ခင်မျက်စိစစ်ဆေးထားသင့်ပါတယ်
-နောက်ဆုံးတစ်ခုအနေနဲ့အောက်ပါလက္ခဏာများရှိလာခဲ့ရင်မျက်စိဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင့်ပါတယ်
၁။အပြင်မှာမရှိပေမယ့်ကိုယ့်မြင်ကွင်းထဲမှာအမည်းရောင်အစက်
လေးတွေမြင်နေရင်
၂။လျှပ်စီးလက်သလိုတွေမြင်နေရင်
၃။မြင်ကွင်းကတစ်ဆက်ထဲမရှိပဲအစက်အပြောက်တစ်ခုကကွယ်နေသလိုမြင်ရရင်
၎။အမြင်ဝါးနေရင်
——-
ကာကွယ်၍ရသောရောဂါများကြောင့်အမြင်ဆုံးရှုံးခြင်းကင်းဝေးကြပါစေ။

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၁) အမြင်ဝါးခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား??? အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း

 

0.00 avg. rating (0% score) - 0 votes
Share

    Leave a Reply

    Your email address will not be published. Required fields are marked *